Does Faith Cancel Obedience? March 28

The Faith I Live By March 27, 2026

ယုံကြည်ခြင်းသည် နာခံမှုကို ပယ်ဖျက်သလော

“သို့ဖြစ်လျှင်၊ ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသလော။ မပယ်ကြပါ။ ပညတ်တရားကို ပို၍ခိုင်မာစေကြပါသည်။” (ရောမ ၃:၃၁)

ယုံကြည်ခြင်းသည် (အလုပ်မလုပ်ဘဲ အိပ်ပျော်နေစေသည့်) ဘိန်းစာကဲ့သို့သော အရာမဟုတ်ဘဲ၊ လှုံ့ဆော်ပေးသော အရာဖြစ်သည်။ ကာရာဗေးနီကုန်းကို မျှော်ကြည့်ခြင်းသည် သင်၏ဝိညာဉ်ကို တာဝန်မကျေပွန်ဘဲ ငြိမ်သက်နေစေမည်မဟုတ်ဘဲ၊ အတ္တဆန်မှုဟူသမျှမှ ဝိညာဉ်ကို စင်ကြယ်စေကာ အလုပ်လုပ်သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

ဝိညာဉ်ကို ကယ်တင်သော ခရစ်တော်၌ရှိသည့် ယုံကြည်ခြင်းဆိုသည်မှာ လူအများက ဖော်ပြနေသကဲ့သို့ မဟုတ်ပါ။ “ယုံကြည်ပါ၊ ယုံကြည်ပါ၊ ခရစ်တော်ကို ယုံကြည်ရုံသက်သက်ဖြင့် သင်သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ဤအချက်မှာ သင်လုပ်ရန်လိုအပ်သော တစ်ခုတည်းသောအရာ ဖြစ်သည်” ဟု သူတို့ ကြွေးကြော်ကြသည်။ သို့သော် စစ်မှန်သော ယုံကြည်ခြင်းသည် ကယ်တင်ခြင်းအတွက် ခရစ်တော်ကို အလုံးစုံကိုးစားသကဲ့သို့ပင်၊ ဘုရားသခင်၏ ပညတ်တော်နှင့် အပြည့်အဝ ကိုက်ညီစွာ နေထိုင်ခြင်းသို့လည်း ဦးဆောင်ပါလိမ့်မည်။

ဘုရားသခင်၏ သားသမီးများ—အထူးသဖြင့် ကိုယ်တော်၏ ကျေးဇူးတော်ကို စတင်ကိုးစားခါစသူများ—သတိပြုရှောင်ကြဉ်ရမည့် အမှား (၂) ခု ရှိပါသည်။ ပထမအချက်မှာ… မိမိတို့၏ ကိုယ်ပိုင်အကျင့်ကို အားကိုးခြင်းဖြစ်ပြီး၊ မိမိတို့ဘာသာ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်အကျင့်၊ ပညတ်တော်စောင့်ရှောက်ခြင်းဖြင့် သန့်ရှင်းသူဖြစ်ရန် ကြိုးစားနေသူသည် မဖြစ်နိုင်သောအရာကို အားထုတ်နေခြင်းသာ ဖြစ်သည်…။ ယုံကြည်ခြင်းအားဖြင့် ရရှိသော ခရစ်တော်၏ ကျေးဇူးတော်သက်သက်သာလျှင် ကျွန်ုပ်တို့ကို သန့်ရှင်းစေနိုင်ပါသည်။

ဆန့်ကျင်ဘက်ဖြစ်သော အခြားအန္တရာယ်ရှိသည့် အမှားတစ်ခုမှာ ခရစ်တော်ကို ယုံကြည်ခြင်းသည် လူသားတို့အား ပညတ်တော်စောင့်ရှောက်ရန် တာဝန်မှ ကင်းလွတ်ခွင့်ပေးသည်ဟု ယူဆခြင်း ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့်သာ ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားရသောကြောင့်၊ ကျွန်ုပ်တို့၏ အကျင့်များသည် ကယ်တင်ခြင်းနှင့် ဘာမျှမသက်ဆိုင်ဟု ယူဆခြင်း ဖြစ်သည်။

သို့သော် ဤနေရာတွင် သတိပြုရမည့်အချက်မှာ နာခံခြင်းဆိုသည်မှာ အပြင်ပန်းအရ လိုက်နာဆောင်ရွက်ခြင်းမျှသာမဟုတ်ဘဲ၊ မေတ္တာအားဖြင့် အမှုတော်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်သည် ကိုယ်တော်၏ သဘာဝတော်ကို ဖော်ပြချက်ဖြစ်ပြီး ကြီးမြတ်သော မေတ္တာအခြေခံမူကို ပုံဖော်ထားခြင်းဖြစ်ရာ၊ ကောင်းကင်နှင့် မြေကြီးရှိ ကိုယ်တော်၏ အုပ်ချုပ်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ ယုံကြည်ခြင်းသည် နာခံခြင်းမှ ကင်းလွတ်ခွင့်ပေးမည့်အစား၊ ကျွန်ုပ်တို့ကို နာခံနိုင်စွမ်းရှိစေသည့် ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားရရှိစေသော တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။

ယေရှုသည် လူ့ဇာတိဖြင့် ရှိနေစဉ်ကကဲ့သို့ပင်၊ ဘုရားသခင်သည် ကိုယ်တော်၏ နောက်လိုက်များကို ထိုသို့ဖြစ်စေလိုပါသည်။ ကိုယ်တော်၏ ခွန်အားအားဖြင့် ကယ်တင်ရှင် အသက်ရှင်ခဲ့သော စင်ကြယ်၍ မြင့်မြတ်သော အသက်တာမျိုးဖြင့် ကျွန်ုပ်တို့ အသက်ရှင်ရမည် ဖြစ်သည်။

#TheFaithILiveBy

Leave a Comment

Your email address will not be published. Required fields are marked *